ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်မြေအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်မြေအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၃

  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ မိုင်းခတ်မြို့ နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ တာလေမြို့၊ တာချီလိတ်မြို့နယ်၊ မိုင်းဆက်မြို့နယ်၊ မိုင်းခုတ်မြို့နှင့် မိုင်းတုံမြို့နယ်တို့ရှိ  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာန ချုပ်ရှိ ပြည်ငြိမ်အေးခန်းမ၌ တွေ့ဆုံသည်။

      ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ စားသောက်ကုန်ပစ္စည်းများ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။