(၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

(၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၃

      (၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်  အားကစားရုံ(နဝဒေး)၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

     ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ် အဖြစ် ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြ သည်။

       အဆိုပါ (၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် နိုဝင်ဘာလ ၁၇ ရက်ထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။