​​​​​​​ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ် လွိုင်ကော်ဒေသတို့တွင် တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ် လွိုင်ကော်ဒေသတို့တွင် တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်           

ဒီနေ့ ရှမ်းမြောက်ဘက်ရယ် လွိုင်ကော်ဘက် ရခိုင်ပြည်နယ်ဘက် ရှမ်းပြည်နယ်အရှေ့မြောက်ဘက်မှာတော့ တာမိုးညဲအရှေ့မြောက်ဘက် လောက်မှာ တိုက်ပွဲများဖြစ်ပွားခဲ့တာရှိပါတယ်။ သိန္နီအခြေအနေကတော့ သိန္နီမြို့မှာရှိနေတဲ့ဌာနချုပ်အနေနဲ့ သိန္နီမြို့ထဲမှာ ပြန်လည်လုံခြုံမှုရရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိပါတယ်။

လွိုင်ကော်မှာတော့ ဒီမနက် ၈နာ ရီလောက်က KNPP နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ စစ်ရေး နဲ့မသက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီးလက်နက်ငယ် တွေနဲ့လာရောက်ပစ်ခတ်တာရှိတယ်။ ပြီးရင်အထဲမှာရှိနေတဲ့ ပညာရေး ဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေကို အတင်းအဓမ္မမဖမ်းဆီးခေါ် ဆောင်ဖို့လုပ်ခဲ့တာရှိတယ်။ ဒါတွေကိုတော့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် တွေက တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေ ထိခိုက်မှုမရှိစေရေး ဘေးကင်းရာနေရာသို့ပို့ဆောင်ရေး ဆောင်ရွက်လျှက်ရှိတယ်။ ဆောင်ရွက်လျှက်ရှိတဲ့အခါမှာတော့ အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ သောင်းကျန်းသူတွေဆီကနေ အလောင်းလက်နက်တွေ တော်တော်များများရလိုက်တယ်။ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ/ ဆရာမတွေကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်။ ဆက်လက်ပြီးကျန်ရှိ နေတဲ့လူတွေကိုလည်း ကယ်ထုတ်နိုင်ရေးဆက်လက်ဆောင်ရွက်လျှက် ရှိတယ်။ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျောင်းကိုပစ်မှတ်ထားပြီး တိုက်ခိုက် လာတာ  KNPP နဲ့အဲဒီမှာရှိတဲ့ PDF တွေရဲ့ ယုတ်မာရိုင်းစိုင်းမှုဖြစ်တယ် လို့ဘဲ ကျွန်တော်ပြောချင်တယ်။

ရခိုင်ဘက်မှာတော့ နယ်ခြားစောင့် ရဲကင်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို မနက် ၅နာရီလောက် က AA အနေနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်တာမျိုးဆောင်ရွက်ခဲ့တာရှိ တယ်။ ကျွန်တော်တို့အနေနဲ့ ကြည်း၊ ရေ ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းလျှက် ရှိတယ်။ စစ်ကိုင်းဘက်မှာတော့ ထီးချိုင့် မနေ့ကကျွန်တော်ပြောခဲ့တဲ့ အခြေအနေက ထီးချိုင့်မြို့ကိုပြန်လည်ထိန်းသိမ်းနိုင်တဲ့အခြေအနေရှိတယ်။ ထီးချိုင့်အနီးတစ်ဝိုက်မှာတော့ ဆုတ်ခွါသွားတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့ တွေရှိနေနိုင်တယ်။ ဒါတွေကိုတော့ လိုက်လံချေမှုန်းလျှက်ရှိပါတယ်။ ကျွန်တော့အနေနဲ့ပြောချင်တာကတော့ သောင်းကျန်းသူများအနေနဲ့ ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေကို သူတို့နာမည်ခံနေတဲ့ ဒီမိုကရေစီအရေးဆို တဲ့ဟာထက် ပြည်သူပိုင်ပစ္စည်း၊ နိုင်ငံပိုင်ပစ္စည်း၊ ပညာရေး၊ ကျန်းမာရေး ဒါတွေကိုဘဲဖျက်လိုဖျက်ဆီးလုပ်နေတာဖြစ်တယ်။ ဒီလိုနေရာတွေမှာ ဝင်ရောက်နေရာယူပြီး စစ်ရေးအဆောက်အအုံအဖြစ်အသုံးချနေတာမျိုး တွေရှိတယ်။

စစ်ကိုင်းတိုင်းဘက်မှာလည်း အဲဒီလိုပါဘဲ။ ပညာရေး အဆောက်အအုံတွေ၊ ကျန်းမာရေးအဆောက်အအုံကိုသိမ်းပိုက်ပြီး ကတုတ် ကျင်းတွေတူးတယ်။ ဘန်ကာတွေဆောက်တယ်။ ဒီအထဲမှာဝင်ရောက်ခို အောင်းနေထိုင်တာမျိုးဖြစ်တယ်။ တပ်မတော်အနေနဲ့ ဒါတွေကိုတိုက်ခိုက် တဲ့နေရာမှာ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေတိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက သိရှိထားဖို့လိုအပ်ပါတယ်။

လွိုင်ကော်မှာဖြစ်တဲ့ တက္ကသိုလ်ကို တိုက်ခိုက်မှု ဆိုရင် ဘာမှစစ်ရေးပစ် မှတ်မသက်ဆိုင်တဲ့နေရာကို တိုက်ခိုက်တာမျိုးဘဲ ဖြစ်တယ်။ ဒီလိုယုတ်မာ ရိုင်းစိုင်းတဲ့အကြံအစည်မျိုးရှိတဲ့ သောင်းကျန်းသူ တွေကို ပြည်သူလူထုတစ် ရပ်လုံးကလည်း ဝိုင်းဝန်းဆန့်ကျင်ပြီးအမြစ်ပြတ် ချေမှုန်းသွားရမှာဖြစ်တယ်လို့ဘဲပြောချင်ပါတယ်။

အားလုံးကိုကျေးဇူးတင် ပါတယ်။