နာပိုလီအသင်းက အမ်ပိုလီအသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်ပြီးနောက် နည်းပြဂါစီယာကို ထုတ်ပယ်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ
နာပိုလီအသင်းက အီတလီစီးရီးအေ ပွဲစဉ်အဖြစ် ကစားသည့် ပွဲစဉ်(၁၂)တွင် အမ်ပိုလီအသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြဂါစီယာကို ရာထူးမှထုတ်ပယ်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နာပိုလီအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက နည်းပြစပယ်လက်တီ လက်အောက်တွင် ရလဒ်ကောင်းများရရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ကွာဝေးနေသည့် အီတလီစီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သော်လည်း ရာသီအကုန်တွင် နည်းပြစပယ်လက်တီနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
နာပိုလီအသင်းက စပယ်လက်တီနှင့်လမ်းခွဲခဲ့ပြီး နောက် အယ်နာဆာအသင်း နည်းပြဟောင်း ဂါစီယာ ကို ခန့်အပ်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေပြီး အီတလီစီးရီးအေ ပြိုင်ပွဲ၌ ၁၂ ပွဲကစားပြီးချိန်တွင် ခြောက်ပွဲသာအနိုင် ရရှိကာ သုံးပွဲသရေရလဒ်နှင့် သုံးပွဲရှုံးနိမ့်ပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာ၌သာ ရပ်တည်နေကာအမှတ်ပေးဇယား ထိပ်ဆုံးမှ ဂျူဗင်တပ်စ်အသင်းနှင့် ၁၀ မှတ်အထိကွာဟနေခြင်းဖြစ်သည်။
နာပိုလီအသင်းသည် နောက်ဆုံးကစားသည့် အီတလီစီးရီးအေပြိုင်ပွဲ သုံးပွဲတွင် နှစ်ပွဲသရေရလဒ်နှင့် တစ်ပွဲရှုံးနိမ့်သည့်အတွက် နာပိုလီအသင်းက နည်းပြဂါစီယာကို ထုတ်ပယ်ပြီး ဂျူဗင်တပ်စ် အသင်းကစားသမားဟောင်း ကန်နာဗာရိုကိုခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။