ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၄
ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ အမှတ်(၁)စိုက်ပျိုး/မွေးမြူရေးစခန်း(စော်ဘွားကြီးကုန်း)၌ ငါးမွေးမြူရေးကန်များ တွင် ငါးတန်၊ ငါးမုတ်၊ မြက်စားငါးကြင်းများ မွေးမြူထားရှိမှု၊ နိုဗိုဂျင်ဘရောင်း မိဘ မျိုးဥစားကြက်များ မွေးမြူထားရှိမှု၊ တစ်ရှူးငှက်ပျောပင်များ စိုက်ပျိုးထားရှိမှု၊ သီးပင် စားပင်များ စိုက်ပျိုးထားရှိမှု၊ တညင်းကုန်ရပ်ကွက်ရှိ အမှတ်(၃)စိုက်ပျိုး/ မွေးမြူရေးစခန်း (တညင်းကုန်း)၌ အဆင့်မြင်အသားတိုးဝက်နှင့် အဆင့်မြင့် မျိုးဝက်မများ မွေးမြူထားရှိမှု၊ ကာကီကင်း ဥစားဘဲများ မွေးမြူထားရှိမှုတို့အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။