တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ပြည်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ပြည်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၄

          ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၈၂ ဦး၊ ခွဲစိတ်ရောဂါ ၅၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၈၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၈၄ ဦးနှင့် သွားရောဂါ ၃၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၇ ဦး စုစုပေါင်း ၅၁၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

 

 

ဦးဝင်းကြိုင်( ခရိုင်တပ်ဖွဲ့မှူး၊ ပြည်ခရိုင်ကြက်ခြေနေသူနာပြုတပ်ဖွဲ့)

ကြက်ခြေနီဟာ နိုင်ငံတော်ရဲ့အရန်အင်အားဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထောက်အကူများ လိုရင်ပေါ့နော် အချိန်မရွေးအမြဲတမ်းပဲ အသင့်ရှိပါတယ်။ ခုလဲကျွန်တော်တို့ နယ်လှည့်ဆေးကုသရေးအဖွဲ့လာတယ်ဆိုတော့ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့အတွက် ပြည်ခရိုင်နဲ့ ပြည်မြို့နယ် ကြက်ခြေနေသူနာပြု တပ်ဖွဲ့က တပ်ဖွဲ့ဝင် ယောက်ကျား လေး ၇ ယောက်နဲ့ မိန်းကလေး ၅  ယောက် အားလုံးပေါင်း ၁၂ ယောက် ဒီမှာလာ ပြီးတော့ မနေ့ကတည်းက ကူညီနေတာဖြစ်ပါတယ်။ ကြက်ခြေနီတပ်ဖွဲ့ အနေနဲ့ပဲ ပြောပြော၊ပြည်သူတစ်ယောက် အနေနဲ့ပဲပြောပြော၊ ကျွန်တော်တို့ပြည်သူလူထုတွေ က ဆေးကုသမှု အခက်အခဲ အများကြီးရှိတယ်ပေါ့နော်။ တချို့ဆို ပါရဂူတွေကို မပြနိုင်ဘူးပေါ့။ ဒီလို တပ်မတော်ဆေးကလာပြီး ကုသပေးတဲ့ အတွက် ပြည်သူတွေ ရဲ့ ကိုယ်စား၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များရဲ့ မိသားစုများ ကိုယ်စား၊ ပြည်သူအားလုံးရဲ့ ကိုယ်စားကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ခုလိုလာရောက်ကု သ ပေးတဲ့ အတွက်ကျွန်တော်တို့ လွယ်လွယ်ကူကူနဲ့ ဆေးပညာဆိုင်ရာဆေးတွေ အလာကုသရတယ်။ ဆေးတွေလည်း အလကားရတယ်။ အပြင်မှာဆိုရင် တချို့ ဆေးထိုးဖို့တောင်မလွယ်တဲ့ မိသားစုတွေရှိနေတဲ့ အချိန်ကာလမျိုးမှာ ခုလိုလာ ရောက်ပြီးတော့ ကုသပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်၊ ဝမ်းလည်းသာပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရည်ရွယ်ချက်က ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်ချက်ကြီး တစ်ခုရှိပါတယ်။ အဲ့ရည်ရွယ်ချက်ကို အ ကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ် သုံးခုရှိပါတယ်။ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါ ဘေးတားဆီးရန်နဲ့ ဘေးဒုက္ခကျရောက်သူများကို ကူညီရန်ဆိုတဲ့ လုပ်ငန်းစဉ်သုံးခု နဲ့ ရည်ရွယ်ချက်ကို‌ အောင်မြင်အောင်လို့ ကျွန်တော်တို့မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။ တပ်မတော်အကြီးအကဲကိုလည်း ပြည်သူလူထုတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကူညီကုပေးနိုင်ရန် ခုလိုလည်ပြီးကုနိုင်ရန် ၊ ကျွန်တော်ကြားတာဆိုရင် ဧရာဝတီမြစ်ရိုး တစ်လျှောက် တော်တော်များများမြို့တွေ ဝင်လာခဲ့တာပေါ့နော်။ အဲ့အတွက် တပ်မတော်အကြီးအကဲကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ပြည်သူလူထုတွေကို စောင့်ရှောက်ပေးတဲ့အတွက် ကာကွယ်ပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်လို့ ဒီနေရာကနေ ပြည်သူလူထုကိုယ်စား ပြောလိုပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။

ဦးသောင်းအေး( နဝင်းရပ်ကွက်၊ ပြည်မြို့)

          ကျွန်တော်ရောဂါက ကျောကြီးအောင့်တယ်၊ ဗိုက်ကနာတယ်။ အဲ့တာကို ကျွန်တော် ဆရာဝန်နဲ့ ပြတယ်။ ပြပြီးတော့ ကျောအောင့်တာ သက်သာပြီး ဆီးချုပ် သွားတယ်။ ဆီးချုပ်သွားလို့ ခုဆေးအဖွဲ့ကိုလာပြီး ကုသမှုခံယူတာဖြစ်ပါတယ်။ ရပ်ကွက်ထဲက လူတွေက ဒီမှာ တပ်မတော်က ဆေးကုသမှုအဖွဲ့တွေရောက်နေ တယ်။ အဲ့တာသိတာနဲ့ ကျွန်တော်ဒီနေ့လာတာပါ။ ဆရာဝန်တွေက ဆေးတွေစစ် တယ်။ ဆေးကုသထားတဲ့ မှတ်တမ်းတွေကို ကြည့်တယ်။ ကြည့်ပြီးတော့ ဒါလိုတယ်။ ဒါကမလိုဘူး။ သူပေးတဲ့ဆေးတွေ ခုကျွန်တော်သောက်ရမှာပါ ။ ကျွန်တော်က ဆီးကြိတ်ရှိတာကို။ ဒါမျိုးက အမြဲတမ်းလူတိုင်းလူတိုင်းက မျှော်လင့် တောင်းတနေတာ ။ နေ့တိုင်းနေ့တိုင်း ရပ်ကွက်တိုင်းကို ဒီလိုလာရင် ကျွန်တော်တို့ က ပိုပြီးတော့ သဘောကျလေးပဲလေ ။ ဘာလို့ဆို မရှိဆင်းရဲသားတွေက အများကြီး ရှိတယ်။ အဲ့လိုလူမျိုးတွေက ဒါမျိုးကို ကျွန်တော်တို့မျှော်ပြီး အားကိုးနေရတာ ။ ဆေးခန်းသွားမယ်ဆိုလဲ ဈေးတွေက သိတဲ့အတိုင်းပဲလေ ဈေးတွေအရမ်းကြီးတာကို ။ တပ်မတော် အကြီးအကဲတွေကိုလည်း ဒါမျိုးလေးအမြဲတမ်းလာနေမယ်ဆိုရင်တော့ ကျွန်တော်တို့ သဘောကျတာပေါ့။