ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များနှင့် ကယားပြည်နယ် လွိင်ကော်တက္ကသိုလ်မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့် ကလေးသူငယ်များအား အကြမ်းဖက်သောင်းကျန်းသူများက  လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုနှင့်ပတ်သက်ပြီး  နိုင်ငံတော်စီမံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များနှင့် ကယားပြည်နယ် လွိင်ကော်တက္ကသိုလ်မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့် ကလေးသူငယ်များအား အကြမ်းဖက်သောင်းကျန်းသူများက  လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုနှင့်ပတ်သက်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့ထိတွေတိုက်ပွဲဖြစ်ပွားမှု အခြေအနေကတော့ရှမ်းပြည်နယ်အရှေ့မြောက်ဘက်မှာတော့ တာရွှေထန်ဘက်မှာ ထိတွေတိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တာရှိပါတယ်၊ပြီးရင် ကျွန်တော်တို့ ရခိုင် ပြည်နယ်ဘက်မှာတော့ ပလတ်ဝရဲ့မြောက်ဘက် နူးကူးကို မနက် ၁၁နာရီ၄၅မိနစ် လောက်မှာ လာရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်၊ပြီးရင် ရန်သူအနေနဲ့ အကျအဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာ သွားတာမျိုး ရှိပါတယ်၊တစ်ချို့သောရခိုင်ပြည်နယ်ထဲက အင်အားနည်းတဲ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဝင်များ စခန်းတွေကိုပြန်လည် ပေါင်းထားတာတွေရှိပါတယ်၊ဒါတွေကိုလည်း သူတို့အနေနဲ့ တိုက်ခိုက် သိမ်းပိုက်ရမိပြီဆိုပြီး ဝါဒဖြန့်တာတွေရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ အင်အားနည်းစခန်းများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းမှု လုပ်နေတာရှိပါတယ်။

လွိုင်ကော်မှာတော့ မနေ့က ကျွန်တော်ပြောခဲ့တဲ့  လွိုင်ကော်တက္ကသိုလ်ဝန်းထဲက ဆရာ/ဆရာမတွေ ကယ်ထုက်ဖို့ လုပ်ဆောင်ခဲ့တယ်၊ဒါဟာ မနေ့က ၂၇ယောက်လောက် ပြန်လည်လွတ်မြာက်နိုင်ခဲ့တယ်၊ တက္ကသိုလ် ဝန်းထဲက ပါမောက္ခချူပ် အိမ်ထဲမှာပိတ်မိနေတဲ့ ပါမောက္ခအပါအဝင် ဆရာ/ဆရာမ ၃ယောက်နဲ့ ကလေး၃ ယောက်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို သိရပါတယ်၊ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ လွိုင်ကော်တက္ကသိုလ်ဆိုတာက ကယားပြည်နယ် တစ်ခုလုံး အတွက် ပညာရေးကဏ္ဍမှာ အရေးပါတဲ့နေရာဖြစ်ပါတယ်၊ဒီနေ့ရာမှာစာသင်ကြားနေတဲ့ ဆရာ /ဆရာမတွေ ပညာသင်ကြားနေတဲ့ ကျောင်းသား/ကျောင်းသူတွေသည် အဓိကကတော့ ကယားပြည်နယ်ရဲ့ အနာဂတ်၊ ကယားပြည်နယ်ရဲ့ပညာရေးပဲဖြစ်ပါတယ်၊ ဒီ PDF  အမည်ခံအကြမ်းဖက်အဖွဲ့ KNPP အကြမ်းဖက်အဖွဲ့က ကိုယ့်ပြည်နယ်ရဲ့ အနာဂတ်နှင့် ကိုယ့်ပြည်နယ်ရဲ့ ပညာတတ်များကို ပြန်လည် ဖျက်စီးနေတာပဲဖြစ်ပါတယ်။

ဒီလိုမျိုး လုပ်ဆောင်မူမျိုးတွေကို ပြည်သူလူထုတစ်ရပ်လုံးက သိရှိရမှာဖြစ်ပါတယ်၊၊NUG ၊ PDFအမည်ခံ အကြမ်းဖက်အဖွဲ့တွေဟာ သူတို့ကပြောဆိုနေတာထက် တစ်တိုင်းပြည်လုံး တိုင်းပြည်တစ်ခုလုံးကို ဖျက်စီးပစ်နေတာပဲဖြစ်ပါတယ်၊မြို့ပြတွေကိုဖျက်စီးတယ် တိုက်ခိုက်တယ်၊ စစ်ရေးနဲ့မဆိုင်တဲ့နေရာတွေကို တိုက်ခိုက်တယ်ဖျက်စီးတယ်၊ ဆေးရုံဆေးခန်းက အစ တိုက်ခိုက်တယ်၊ ဖျက်စီးတယ်၊စာသင်ကျောင်းတွေကအစ တိုက်ခိုက်တယ်ဖျက်စီးတယ်၊ ပညာ ရေးဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခိုက်ဖျက်စီးမျိုးတွေဖြစ်တယ်၊ဒါကိုပြည်သူ တစ်ရပ် လုံးက ဝိုင်းဝန်းဆန့်ကျင်ပြီးအမြစ်ပြတ်ချေမှုန်းသွားရမှာဖြစ်တယ်လိုပဲ ပြောချင်ပါတယ်။