ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရရှိပြီးနောက် ၁၉၈၀ ပြည့်နှစ်က စံချိန်တင်ထားသည့် မှတ်တမ်းကောင်း တစ်ရပ်ကို လီဗာပူးအသင်း ပြန်လည်လိုက်မီ
လီဗာပူးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၃) အဖြစ်ကစားသည့် ဘရန့်ဖို့ဒ်အသင်းနှင့် ပွဲစဉ်တွင် အနိုင်ရရှိပြီးနောက် ၁၉၈၀ ပြည့်နှစ်က စံချိန်တင်ထားသည့် မှတ်တမ်းကောင်း တစ်ရပ်ကို ပြန်လည်လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။
လီဗာပူးအသင်းက ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် လီဗာပူးအသင်း အတွက် သွင်းဂိုးများကို ပွဲချိန် ၃၉ မိနစ်နှင့် ၆၂ မိနစ် တွင် ဆာလက်ချ်က လည်းကောင်း၊ ပွဲချိန် ၇၄ မိနစ်တွင် ဂျိုတာကလည်းကောင်း အသီးသီး သွင်းယူနိုင်ခဲ့ပြီး နောက် ၁၉၈၀ ပြည့်နှစ်က စံချိန်တင်ထားသည့် မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းသည် အိမ်ကွင်း၌ ဘရန့်ဖို့ဒ် အသင်းကို ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၁၉၈၀ ပြည့်နှစ်က စံချိန်တင်ထားသည့် အိမ်ကွင်း ကိုးပွဲဆက် နှစ်ဂိုးနှင့်အထက် သွင်းယူနိုင်သည့် မှတ်တမ်းကောင်းတစ်ရပ်ကို ပြန်လည်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
လီဗာပူးအသင်းသည် ၁၉၈၀ ပြည့်နှစ်က အိမ်ကွင်း၌ ကိုးပွဲဆက် နှစ်ဂိုးနှင့်အထက် သွင်းယူနိုင်သည့် မှတ်တမ်းကောင်း တစ်ရပ်ပိုင်ဆိုင်ခဲ့ပြီး ယခုဘောလုံး ရာသီတွင်လည်း အိမ်ကွင်း၌ ကိုးပွဲဆက် နှစ်ဂိုးနှင့် အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းသည် ယခုဘောလုံးရာသီတွင် အိမ်ကွင်း၌ ကစားခဲ့သည့် ပွဲစဉ်ကိုးပွဲ၌ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ခြောက်ပွဲ၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲနှင့် ကာရာဘောင်း ဖလားပြိုင်ပွဲတွင် တစ်ပွဲ စုစုပေါင်း ကိုးပွဲဆက် နှစ်ဂိုးနှင့်အထက်သွင်းယူနိုင် ပြီး အဆိုပါကိုးပွဲတွင် သွင်းဂိုး ၃၀ အထိ သွင်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ တိုက်စစ်မှူး ဆာလက်ချ်သည် ပရီး မီးယားလိဂ်ပြိုင်ပွဲ၌ အိမ်ကွင်းခြောက်ပွဲဆက် ဂိုးသွင်း ယူနိုင်သည့် လီဗာပူးအသင်း၏ ပထမဆုံးကစား သမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။