မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့
၁။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နှင့် နိုဝင်ဘာလ ၁၄ ရက်တို့တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး ယင်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေး ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကြားသိရပါသည်။
၂။ စစ်ရေးပစ်မှတ်မဟုတ်သော ပညာရေးဝန်ထမ်းများနှင့် လွိုင်ကော်တက္ကသိုလ် တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား၍ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက် ပျက်စီးစေခြင်းတို့ကို လုပ်ဆောင်ခဲ့သည့်အတွက် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့