မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ သဘောထား ထုတ်ပြန်ချက်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ သဘောထား ထုတ်ပြန်ချက်

    KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ကာ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသားများအား ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရှိရပါသည်။

    ယင်းအကြမ်းဖက်လုပ်ဆောင်မှုသည် နိုင်ငံ၏အရေးပါသော ပညာရေးကဏ္ဍကို ဖျက်ဆီးမှုတစ်ရပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက အကြမ်းဖက်အဖွဲ့အစည်း များကို ပြင်းထန်စွာရှုတ်ချပါကြောင်းသဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။