မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သဘောထားထုတ်ပြန် ကြေညာချက် (၇/၂၀၂၃)
၁။ (၁၃)ရက်နေ့ နံနက် (၇)နာရီ(၅၀)ခန့်က ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး ဆရာ၊ ဆရာမ အချို့အား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
၂။ ဒီမိုကရေစီနိုင်ငံတော်အဖြစ်တည်ဆောက်ရာတွင် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် များကို မွေးထုတ်ပေးနေသော ပညာရေးဆိုင်ရာ အဆောက်အဦနှင့် ဆရာ၊ ဆရာမ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် စစ်ရေးပစ်မှတ် မဟုတ်သည့် နေရာများကို တိုက်ခိုက်ခြင်းဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိသည့် လုပ်ရပ် အဖြစ် ရှုမြင်သုံးသပ်ရပါသည်။
၃။ ကယားပြည်နယ်အတွင်း အရေးပါသော လွိုင်ကော်တက္ကသိုလ်ကို ယခုလို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက် စီးနင်းဖျက်ဆီးခြင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် လုံးဝ လက်မခံနိုင်ပါကြောင်းနှင် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန် ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ