ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်

လွိုင်ကော်တက္ကသိုလ်အား နိုဝင်ဘာ (၁၃)ရက်နေ့တွင် အကြမ်းဖက်သမားများက လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး ဆရာ၊ ဆရာမ အချို့အား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူသားတံတိုင်းအဖြစ်အသုံးချရန် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)က လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန် ကြေညာအပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)