ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)  သဘောထားထုတ်ပြန်ချက်

                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                    

                      ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)                             

သဘောထားထုတ်ပြန်ချက်

 ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်

၁။      KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နှင့် နိုဝင်ဘာလ ၁၄ ရက်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကြားသိရပါသည်။

၂။       KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပညာရေးဝန်ထမ်းများနှင့် လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိ သည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား၍ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက် ပျက်စီးစေသည့်အတွက် လုပ်ရပ်အား ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့