မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်
သဘောထားထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက နိုဝင်ဘာ (၁၃)ရက်နေ့တွင် လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး ဆရာ၊ ဆရာမ အချို့အား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အကြမ်းဖက် ဝင်ရောက်တိုက်ခိုက် စီးနင်းဖျက်ဆီးခြင်းနှင့် ပညာရေးဝန်ထမ်း များအား အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းကို မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်က လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်