ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး) သဘောထားထုတ်ပြန်ချက်

ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

၁။      ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နှင့် နိုဝင်ဘာလ ၁၄ ရက်တို့တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကြားသိရပါသည်။

၂။       KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပညာရေးဝန်ထမ်းများနှင့် လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိ သည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား၍ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက် ပျက်စီးစေသည့်အတွက် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်အား ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)