လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်) သဘောထားထုတ်ပြန်ချက်

လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်

    ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အား KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက နိုဝင်ဘာ (၁၃)ရက်နေ့တွင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး ဆရာ၊ ဆရာမ အချို့အား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

    ယခုကဲ့သို့ အကြမ်းဖက် ဝင်ရောက်တိုက်ခိုက် စီးနင်းဖျက်ဆီးခြင်းနှင့် ပညာရေး အဆောက်အဦများအား ဖျက်ဆီးခြင်းတို့ကို လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)က လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။