မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)

သဘောထားထုတ်ပြန်ချက်

(၁၅.၁၁.၂၀၂၃)

၁။      KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးကာ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ် ကျောင်းသူကျောင်းသားများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

၂။       ယင်းအကြမ်းဖက်လုပ်ဆောင်မှုသည် နိုင်ငံ၏အရေးပါသော ပညာရေးကဏ္ဍကို ဖျက်ဆီးမှုတစ်ရပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က အကြမ်းဖက်အဖွဲ့အစည်းများကို ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)