မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်

၁။      ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နှင့် နိုဝင်ဘာလ ၁၄ ရက်တို့တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကြားသိရပါသည်။

၂။       ပညာရေးဝန်ထမ်းများနှင့် လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား၍ ဖမ်းဆီး ခေါ်ဆောင်ပြီး ပညာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးစေသည့် လုပ်ရပ် များအား လုပ်ဆောင်ခဲ့သည့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာရေးအဖွဲ့ကြီး က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး