မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ၏ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ၏ သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

၁။       ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အား KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်​သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်​ကျောင်းသူ​ကျောင်းသားများအား ဖမ်းဆီး​ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

၂။       ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချပါ​ကြောင်း    သ​ဘောထားထုတ်ပြန်​ကြေညာ အပ်ပါသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်