၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ မြန်မာနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်မှုများကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် နိုဝင်ဘာ ၁၅
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အတွက် အာရှဇုန်ခြေစစ်ပွဲ၏ ပထမဆုံးပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် ဂျပန်အသင်းတို့သည် နိုဝင်ဘာလ ၁၆ ရက်(ယနေ့) မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ Panasonic Stadium Suita ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါယှဉ်ပြိုင် ကစားကြပုံများကို ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်မှစတင်၍ MRTV-HD ၊ MRTV Sports Channel ၊ MRTV Farmers' Channel ၊ MRTV Parliament Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုနှင့် MRTV APP:) အပါအဝင် Online တို့မှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။