နာပိုလီအသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် နည်းပြဟောင်း တစ်ဦးဖြစ်သော မက်ဇာရီကို ပြန်လည်ခန့်အပ်
နာပိုလီအသင်းက နည်းပြဂါစီယာကို ထုတ်ပယ်ပြီးနောက် လစ်လပ်နေသည့် အသင်းနည်းပြရာထူး အတွက် နည်းပြဟောင်းတစ်ဦးဖြစ်သော မက်ဇာရီကို ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဘောလုံးရာသီက နာပိုလီအသင်းအနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ကွာဝေးနေသည့် အီတလီစီးရီး အေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော် လည်း ရာသီကုန်တွင် အသင်းမှ တာဝန်ရှိသူများနှင့် နည်းပြစပယ်လက်တီတို့ကြား ဆက်ဆံရေး မပြေလည်မှုများကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
နာပိုလီအသင်းက နည်းပြ စပယ်လက်တီနှင့် လမ်းခွဲပြီးနောက် လစ်လပ်နေသည့်အသင်း နည်းပြရာထူး အတွက် အယ်နာဆာအသင်းနှင့် လမ်းခွဲခဲ့သော နည်းပြ ဂါစီယာကို ခန့်အပ်ခဲ့သော်လည်း နည်းပြဂါစီယာ အနေဖြင့် အသင်းကိုရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသည့်အတွက် နိုဝင်ဘာလ ၁၂ ရက်က ကစားသည့် အမ်ပိုလီအသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်အပြီးတွင် နည်းပြဂါစီယာကို ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၆၂ နှစ်အရွယ် ဝါရင့်နည်းပြမက်ဇာရီသည် ဥရောပထိပ်တန်း ကလပ်အသင်းများကို တာဝန်ယူကိုင် တွယ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး နာပိုလီအသင်းကိုလည်း ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ယူ ကိုင်တွယ်ခဲ့ကာ ၂၀၂၂ ခုနှစ်က ကက်ဂလီယာရီအသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသူဖြစ်ကြောင်း သိရသည်။