ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန်(ပန်ဆော့ချိန်)ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်း ထုတ်ဆင့်ခြင်း သတင်းသည် သတင်းအမှားသာဖြစ်

 

ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန်(ပန်ဆော့ချိန်)ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်း ထုတ်ဆင့်ခြင်း သတင်းသည် သတင်းအမှားသာဖြစ်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၆

          “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်းအမှု များနှင့် ဆက်စပ်ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသဖြင့် ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်း ထုတ်ဆင့်ထားသည်” ဟူသည့် သတင်းမှာသတင်းမှားသာဖြစ်ကြောင်း သိရှိရပြီး  တရုတ်နိုင်ငံမှလည်း  ပယ်ရင်ချန်(ဘ)ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)ကို ဖမ်းဝရမ်း ထုတ်ဆင့်ထားခြင်း မရှိကြောင်း သတင်းရရှိသည်။