ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၃ခုနှစ်) (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၅၆  / ၂၀၂၃) ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း  ၄  ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၃ခုနှစ်)

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၅၆  / ၂၀၂၃)

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း  ၄  ရက်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ   ၁၆   ရက်)

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၃ ခုနှစ်) ဟု ခေါ်တွင်စေရမည်။

၂။      ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ထ) ကို အောက်ပါ အတိုင်း အစားထိုးရမည်-

          “(ထ) ကောင်စီ ဆိုသည်မှာ ဤဥပဒေပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ အကြောင်းအရာအချက်အလက်များကို ကြီးကြပ်စောင့်ကြည့် စီမံဆောင်ရွက်ရန်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးသည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင်အဖွဲ့ဝင် ကိုးဦး ထက်မပိုသော ရုပ်မြင်သံကြားနှင့် အသံလွှင့် ကောင်စီကို ဆိုသည်။

၃။      ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၇ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်-

          “၇။    အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသူကို ကောင်စီဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းရမည်-”

၄။      ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၈ ၏ ခြေဆင်းကို အောက်ပါ အတိုင်း အစားထိုးရမည်-

          “၈။    အောက်ပါပုဂ္ဂိုလ်များကို ကောင်စီဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းခြင်း မပြုရ-”

၅။      ဤဥပဒေသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်များပြီးမြောက်ပြီးနောက် ကျင်းပသည့် ရွေးကောက်ပွဲအရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးသည့်နေ့ရက်အထိ အာဏာတည်ရမည်။

 

၆။      ဤဥပဒေ အာဏာတည်လျက်ရှိနေသမျှကာလပတ်လုံး ရုပ်မြင်သံကြားနှင့်အသံ ထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ အခန်း(၄)တွင် ပါရှိသော ပုဒ်မ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ နှင့် အခန်း(၅) တို့ကို  ရုပ်သိမ်းထားဘိသကဲ့သို့ မှတ်ယူစေရမည်။

 

 

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

                                                                            

(ပုံ)

မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ