အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ရရှိခဲ့သည့်ဒူးဒဏ်ရာကြောင့် ပြင်သစ်အသင်း ကွင်းလယ်ကစားသမား ကာမာဗင်ဂါ ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေ

အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ရရှိခဲ့သည့်ဒူးဒဏ်ရာကြောင့် ပြင်သစ်အသင်း ကွင်းလယ်ကစားသမား ကာမာဗင်ဂါ ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေ

 

    ပြင်သစ်အသင်းနှင့်   ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သည့် ကာမာဗင်ဂါ သည် အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ပြင်သစ်အသင်း၏ ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို လွဲချော်ဖွယ် ရှိနေကြောင်း သိရသည်။

ယခုလအတွင်းကစားမည့်  ယူရို ၂၀၂၄ ပြိုင်ပွဲခြေစစ်ပွဲ အုပ်စုပွဲစဉ်များကစားရန် ပြင်သစ်အသင်းနှင့် ပူးပေါင်းလျက်ရှိသည့် ကာမာဗင်ဂါသည် အသင်း လေ့ကျင့်ရေး အစီအစဉ်တွင် အသင်းဖော်ကစားသမား ဒမ်ဘီလီနှင့်ထိခိုက်မိပြီး     ဒူးဒဏ်ရာ ရရှိခဲ့သည့်အတွက်  အသင်းလေ့ကျင့်ရေး အစီအစဉ်မှ နုတ်ထွက်ခဲ့ရသည်။

ကာမာဗင်ဂါအနေဖြင့် ထိခိုက်မှုမှ ရရှိထားသော ဒူးဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိကြောင်း  ပြောကြားခဲ့ပြီး  အသေးစိတ်စစ်ဆေးမှုများ ထပ်မံပြုလုပ်ပြီးမှသာ မည်သည့်အချိန်ထိ  အနားယူရမည်ကို သိရှိရမည် ဖြစ်သော်လည်း ဒဏ်ရာ အခြေအနေသည် အသေးစား ဒဏ်ရာဖြစ်သည့်အတွက် ရက်ပိုင်းသာ အနားယူရဖွယ်ရှိနေသည်။

ပြင်သစ်အသင်းသည်  ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲ ၌ ခြောက်ပွဲကစားပြီးချိန်တွင် ခြောက်ပွဲစလုံးအနိုင် ရရှိပြီး ခြေစစ်ပွဲအောင်မြင် ထားပြီးဖြစ်ကာ လက်ကျန်အုပ်စု ပွဲစဉ်များအဖြစ်  နိုဝင်ဘာလ  ၁၉  ရက်တွင် ဂျီဘရော်တာအသင်းနှင့် လည်းကောင်း၊ နိုဝင်ဘာလ ၂၂ ရက်တွင် ဂရိအသင်းနှင့် လည်းကောင်း  ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။