နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ဘူးများ ဆက်လက် ပေးအပ်လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ဘူးများ ဆက်လက် ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၇

  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက် ရှိသည့်အပြင် စားသောက်ဖွယ်ရာ များကိုလည်း ပေးပို့လှူဒါန်းလျက်ရှိ သည်။

      ထိုသို့ ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင် ပေးကြသည်။

   စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “တပ်မတော်သားများ ကျန်းမာပါစေကြောင်း၊ တိုက်ပွဲတိုင်း အောင်မြင်ပါစေကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းပါစေကြောင်း” စသည့် ဆုတောင်းမေတ္တာ စာလွှာများ ပါရှိကြောင်း သတင်းရရှိသည်။