ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် မိသားစု စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာ ပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် မိသားစု စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာ ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၇

    ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် မိသားစု စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင် ခန်းမ၌ ပြုလုပ်ရာ မြိတ်မြို့၊ လှည်းဘီကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရ ဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ လာသန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှည်းဘီးကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် တိုင်းမှူးများနှင့် တက်ရောက်လာ ကြသူများက ကန်သာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလ ထံမှ ကထိန်အနုမောဓနာ တရားများ နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ တိုင်းစစ်ဌာနချုပ် မိသားစု စုပေါင်းမဟာဘုံကထိန်တွင် ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေ စုစုပေါင်း (၃၇၅၀၀၅၅၀)ကျပ် တန်ဖိုးရှိ ပဒေသာပင်(၃၅)ခုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။