၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြမ် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြမ် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော် ၊ ၂၀၂၃ နိုဝင်ဘာ-၁၈

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြမ်) ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

    ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိ သည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

    အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌လည်း တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။