နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးသွားရောက်

နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးသွားရောက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၈

    နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့်  မော်တော်ယာဉ် များဖြင့် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။

    အဆိုပါ အဖွဲ့သည် နေ့လယ်ပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြပြီး ရွှေမုဌောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြကာ ရွှေစာပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကြည့်ရှု လေ့လာကြသည်။ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရောက်ရှိကြရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာကြိုဆိုခဲ့ကြသည်။ ထို့နောက် ချောင်းသာ အပန်းဖြေဧည့်ရိပ်သာ၌ တိုင်းမှူးက အမှာစကား ပြောကြားပြီး ဒေသထွက် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။