အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၉

      အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူ ကြသည့် သံဃာတော်များထံမှ မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

     ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ ဘဒ္ဒန္တ ပညာဝံသ ထံမှ ရေစက်ချ အနုမောဒနာ တရားနာယူကြည်ညိုကြကာ သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။