၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများကို ကျောင်းဝတ်စုံများ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ စာရေး ကိရိယာများနှင့် ပညာသင် ထောက်ပံ့ငွေများ (ဒုတိယ)အကြိမ် ထောက်ပံ့ပေးအပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများကို ကျောင်းဝတ်စုံများ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ စာရေး ကိရိယာများနှင့် ပညာသင် ထောက်ပံ့ငွေများ (ဒုတိယ)အကြိမ် ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၉ ရက်

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသည့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်ရှိ ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေး အပ်ခြင်းကိ ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ပညာသင် ကြားလျက်ရှိသည့် ခိုလမ်တပ်နယ်မှ ကျောင်းသား/ကျောင်းသူ ၉၉၇ ဦးအတွက် (ဒုတိယ) အကြိမ် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် ပညာသင်စရိတ်များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ ပေးအပ်ကြသည်။

      အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးတွင်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူ ၄၄၄၃ ဦး ကိုလည်း ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေး ကိရိယာများနှင် ပညာသင်စရိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။