အာဆင်နယ်အသင်းက အဓိကခံစစ် ကစားသမားတစ်ဦးဖြစ်သည့် ဘန်ဝှိုက်ကို ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ
အာဆင်နယ်အသင်းက အဓိက ခံစစ်ကစားသမား တစ်ဦးဖြစ်သည့် ဘန်ဝှိုက်ကို ကာလရှည်သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ် ဘန်ဝှိုက်သည် ၂၀၂၁ ခုနှစ်က ဘရိုက်တန်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ဘောလုံး ရာသီတိုင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိနေသူဖြစ်သည်။
ဘန်ဝှိုက်သည် အသင်းဗဟို ခံစစ်တွင်သာမက တောင်ပံတိုက်စစ်နေရာ အထိပါ ကစားနိုင်သူဖြစ်သဖြင့် အာဆင်နယ်အသင်း နည်းပြအာတီတာက လက်မလွှတ် လိုသည့်အတွက် နောက်ထပ်ကာလရှည် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
အာဆင်နယ်အသင်းနှင့် ဘန်ဝှိုက်တို့၏ လက်ရှိ စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ် ဇွန်လမှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း အာဆင်နယ်အသင်းက နောက်ထပ်ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုနေသကဲ့သို့ ဘန်ဝှိုက်ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်း၌သာ ဆက်လက် ကစားလိုသည့်အတွက် မကြာမီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖွယ်ရှိနေသည်။
ဘန်ဝှိုက်သည် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် စုစုပေါင်းပြိုင်ပွဲစုံ ၁၀၁ ပွဲအထိ ပါဝင်ကစားထားပြီး သုံးဂိုးသွင်းယူထားကြောင်း သိရသည်။