(၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၀
(၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူ များ၊ အသင်းလိုက်ဆုရရှိကြသူများ၊ မသန်စွမ်းအားကစားပြိုင်ပွဲ၌ ပထမရရှိသော အသင်းအား တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး စုပေါင်း တံခွန်စိုက်ဒိုင်းဆုရရှိသည့် အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူး က တံခွန်စိုက်ဒိုင်းဆု၊ ဆင့်ပွားဒိုင်းဆုနှင့် ငွေသားဆုများ အသီး သီးပေး အပ်ချီးမြှင့်ကြသည်။
အဆိုပါ (၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများကို ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် နိုဝင်ဘာလ ၁၃ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစား ခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။