မြန်မာ-မြောက်ကိုရီးယား ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မည်
နေပြည်တော် နိုဝင်ဘာ ၂၀
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည့်၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အတွက် အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲ၏ ဒုတိယပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် မြောက်ကိုရီးယား အသင်းတို့သည် နိုဝင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။
အဆိုပါ ယှဉ်ပြိုင်ကစားကြပုံများကို နိုဝင်ဘာလ ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်မှစတင်၍ MRTV-HD ၊ MRTV Sports Channel ၊ MRTV Farmers' Channel ၊ MRTVP arliament Channe တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။