“ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည့် သတင်းကြောင့် ညဘက်သွားလာသူ နည်းလာ” ဟူသည့် ကောလာဟလ မဟုတ်မမှန် သတင်းများရေးသား ထုတ်လွှင့်လျက်ရှိ

ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည့် သတင်းကြောင့် ညဘက်သွားလာသူ နည်းလာ ဟူသည့် ကောလာဟလ မဟုတ်မမှန် သတင်းများရေးသား ထုတ်လွှင့်လျက်ရှိ

 

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

    ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှ လူပျောက်ကြော်ငြာများကြောင့် ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည်ဟုဆိုပြီး မြို့နယ်အချို့တွင် ညပိုင်းလမ်းမများအပေါ် လူအသွားအလာယခင်ကထက် နည်းပါးလာကြောင်း၊ ညမှောင်သည်နှင့် ယခင်က ကဲ့သို့ လူသိပ်မရှိတော့ကြောင်း၊ ဈေးဆိုင်များလည်း စောစောသိမ်းလာကြောင်းနှင့် အလုပ်သမားများလည်း စောစောပြန်ကြသည်ဟု ကောလာဟလ မမှန်သတင်းများ ရေးသားထုတ်လွှင့်၍ အများပြည်သူကြောက်ရွံ့ထိတ်လန့် စေရန်ဆောင်ရွက် လာသည် ကို တွေ့ရှိပါသည်။

    အဆိုပါ ဖော်ပြမှုများသည် မဟုတ်မမှန်ကြောင်းနှင့် ကောလာဟလသတင်း များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ၏ပြော ကြားချက်အရသိရှိရပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများအပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ပြည်သူများ အကြား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ ကောလဟလ သတင်းအမှားများ ရေးသားထုတ်လွှင့်ခြင်းနေခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။