မန်ယူအသင်း ခံစစ်ကစားသမားလုခ်ရှော ဒဏ်ရာမှပြန်လည် သက်သာလာပြီးနောက် အသင်းနှင့် ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

မန်ယူအသင်း ခံစစ်ကစားသမားလုခ်ရှော ဒဏ်ရာမှပြန်လည် သက်သာလာပြီးနောက် အသင်းနှင့် ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

 

    ကြွက်သားဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရသည့် မန်ယူအသင်းခံစစ် ကစားသမား လုခ်ရှော ည်   ဒဏ်ရာမှ   ပြန်လည်သက်သာလာပြီးနောက် အသင်းနှင့်   ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် လုခ်ရှောသည်  အသင်းဘယ်တောင်ပံ ခံစစ်နေရာတွင် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး   ခံစစ်ပိုင်းတွင်သာမက  တိုက်စစ်ပိုင်းအထိပါ   လိုက်ပါကစားနိုင်ကာ  နည်းပြတန်ဟတ် လက်အောက်တွင် အဓိက ကစားသမား အဖြစ်  ပါဝင် နေသူဖြစ်သည်။

သို့သော်   လုခ်ရှောသည် ယခုဘောလုံး ရာသီအစပိုင်းတွင် မန်ယူအသင်းက စပါးအသင်းကို  ၂ ဂိုး-ဂိုးမရှိဖြင့်  ရှုံးနိမ့်သည့်ပွဲစဉ် အပြီးတွင် ကြွက်သားဒဏ်ရာ ရရှိပြီးနောက်  ကာလရှည် အနားယူနေရသူဖြစ်သည်။

မန်ယူအသင်း ဘယ်တောင်ပံခံစစ်ပိုင်းတွင် လုခ်ရှောအပြင် နောက်ထပ် ကစားသမားတစ်ဦးဖြစ်သည့် မာလာစီယာသည်လည်း  ဒဏ်ရာကြောင့်  ကာလရှည်အနား ယူနေခဲ့ရသည့်အတွက်   အသင်းဘယ်တောင်ပံ ခံစစ်နေရာ၌ လိုအပ်ချက်များ ရှိနေခြင်းဖြစ်သည်။

ယခုအခါ  လုခ်ရှောအနေဖြင့်  ဒဏ်ရာမှပြန်လည် သက်သာလာပြီးနောက် အသင်းနှင့် ပူးပေါင်းလေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည့်အတွက် အဲဗာတန် အသင်းနှင့်ပွဲစဉ်တွင်  ပါဝင်ကစားနိုင်ဖွယ် ရှိနေကြောင်း သိရသည်။