MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

ရန်ကုန်  နိုဝင်ဘာ  ၂၃

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူး ကျင်းပလျက်ရှိနေသည့်  MFF Rhino Futsal Championship 2023  ပြိုင်ပွဲ     ရှုံးထွက်အဆင့် ပွဲစဉ်များကို  ယနေ့နံနက်  ၉ နာရီမှ စတင်ပြီး   ရန်ကုန်မြို့ရှိ  MFF  Futsal  Stadium   တွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်များအဖြစ်  TG United  အသင်းနှင့်   M2K FC အသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ရာ  TG United   အသင်းက ၄ ဂိုး-၁ ဂိုးဖြင့် လည်းကောင်း၊   MIU FC အသင်းနှင့်  Mali Kyal Sin FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ MIU FC  အသင်းက ၄ ဂိုး- ၃ ဂိုးဖြင့် လည်းကောင်း၊ Generations FC အသင်းနှင့် SGF FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Generations FC အသင်းက ၇ ဂိုး-၁ ဂိုးဖြင့် လည်းကောင်း၊   LinLatt  FC အသင်းနှင့်  UPK FC အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ Lin Latt FC အသင်း က ၆ ဂိုး-၂ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

MFF Rhino Futsal Championship 2023 ပြိုင်ပွဲ     ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များအဖြစ် နိုဝင်ဘာလ ၂၅ ရက်တွင် VUC FC အသင်းနှင့်  DreamTeam Legends  အသင်း၊ Pyae Sone FC အသင်းနှင့်  M-Million FC အသင်း၊ TG United  အသင်းနှင့် MIU FC အသင်း၊ Generations FC အသင်း၊ Lin Latt FC အသင်းတို့ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

MFF Rhino Futsal Championship 2023  ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များတွင် VAR စနစ်ကို   စတင်စမ်းသပ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။