ရန်ကုန်၊ ဘိလိယက်
မြန်မာနိုင်ငံဘိလိယက်အဖွဲ့ချုပ်သည် ဗီယက်နမ်ဆီးဂိမ်းအတွက် လာမည့်နှစ်ဆန်းပိုင်းတွင် ကစားသမား ရွေးချယ်ပွဲကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘိလိယက်အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာဘိလိယက်အဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်း ပြီးဆုံးကတည်းက လေ့ကျင့်မှုများ ရပ်နားထားရကာ ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် လာမည့် နှစ်ဆန်းပိုင်းတွင် ဆီးဂိမ်းအတွက်ရည်ရွယ်၍ ကစားသမားရွေးချယ်ပွဲပြုလုပ်ပြီး စခန်းသွင်းလေ့ကျင့်ပြင် ဆင်ရန်လျာထားကြောင်း သိရသည်။
“ဆီးဂိမ်းအတွက် လာမယ့်နှစ်ဆန်းပိုင်းမှာ ပြိုင်ပွဲအမျိုးအစားအလိုက် ကစားသမားရွေးချယ်ပွဲကျင်းပဖို့ စီစဉ် ထားတယ်။ ပြီးတာနဲ့ စခန်းသွင်းလေ့ကျင့်နိုင်ဖို့ကိုပါ ဆက်လုပ်ဖို့လျာထားတယ်။ ဆီးဂိမ်းမှာပါမယ့် ဘိလိယက်၊ စနူကာနဲ့ပတ်သက်တဲ့ အားကစားနည်းအမျိုးအစားတွေကို အတိအကျတော့ မသိရသေးပါဘူး။ သူတို့ဘက်က အတည်ပြုပြီးတာနဲ့ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်မှုကို သေချာလုပ်ဆောင်မှာပါ။ အိမ်ရှင် ဗီယက်နမ်က ဘိလိယက်၊ စနူကာနဲ့ Pool ပြိုင်ပွဲတွေမှာ အားကောင်းကြပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာဘိလိယက် အဖွဲ့သည်ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့များအနက် အအောင်မြင် ဆုံး အားကစားအဖွဲ့ဖြစ်ခဲ့ပြီး ရွှေတံဆိပ်ဆု နှစ်ခု၊ ငွေတံဆိပ် ဆုတစ်ခု၊ ကြေးတံဆိပ်ဆုသုံးခု ဆွတ်ခူး ရရှိခဲ့သည်။
ကိုရဲ