7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတစ်ခုနှင့် ကြေးတစ်ခု ထပ်မံရရှိ
ရန်ကုန် နိုဝင်ဘာ ၂၈
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိနေသည့် 7th Wrold Vovinam Championships ပြိုင်ပွဲ၌ မြန်မာနိုင်ငံက ယနေ့တွင် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ထပ်မံရရှိခဲ့ကြောင်း သိရသည်။
7th Wrold Vovinam Championships ပြိုင်ပွဲ ယနေ့ကျင်းပခဲ့သည့် ပွဲစဉ်များမှ Pair Machete Form Male ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင်တို့ ဝင်ရောက်ကစားခဲ့ရာ ရွှေတံဆိပ်ဆုကို လည်းကောင်း၊ Male Yin Yan Sword Form Team 7 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အောင်ခိုင်လင်း၊ ဟိန်းထက်အောင်နှင့် တင်ထူးဇော်တို့ အတွဲက ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းကလည်း မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များကို Four Element Staff Form ပြိုင်ပွဲတွင် တင်ထူးဇော်က ငွေတံဆိပ် တစ်ခု၊ 3 Male? 3Female ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိန္ဒြေဖူးတို့က ငွေတံဆိပ်တစ်ခု၊ ၅၄ ကီလိုတန်း (အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက်က ကြေးတံဆိပ်တစ်ခု၊ Female Staff Defense (အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီအောင်တို့က ကြေးတံဆိပ်တစ်ခု၊ Pair Sword Form Male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့က ကြေး တံဆိပ်တစ်ခု၊ Ying Yang Sword Form Male ပြိုင်ပွဲတွင် ဟိန်းထက်အောင်က ကြေး တံဆိပ်တစ်ခု၊ Ying Yang Sword Form Female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်က ငွေတံဆိပ်တစ်ခု အသီးသီး ရရှိထားသည်။
7th World Vovinam Champion-ships ပြိုင်ပွဲ ယနေ့ကျင်းပခဲ့သည့် ပွဲစဉ်များ အပြီးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ငါးခု စုစုပေါင်း ဆုတံဆိပ် ကိုးခုထိ ဆွတ်ခူးထားကြောင်း သိရသည်။