၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး သုံးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက် ကျင်းပ

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး သုံးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက် ကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၂၈

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များ ကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ဆက်လက် ကျင်းပခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ    တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ    လာရောက် ကြည့်ရှုအားပေးခဲ့သည်။

    ယနေ့     ပိုက်ကျော်ခြင်း အမျိုးသား သုံးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ  ဧရာဝတီတိုင်းဒေသကြီး အသင်းက တနင်္သာရီ     တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မွန်ပြည်နယ် အသင်းက ချင်းပြည်နယ်အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီးအသင်း ကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  ကချင်ပြည်နယ် အသင်းက   ရခိုင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  မွန် ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသ ကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော် အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

    ဆက်လက်ပြီး အမျိုးသမီးသုံးယောက် တွဲအဖွဲ့လိုက် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ် များတွင် ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အသင်းက  ရခိုင်ပြည်နယ် အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ် အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲ ပြတ်ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း  အသီးသီး ယှဉ်ပြိုင်အနိုင် ရရှိခဲ့သည်။

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် (ယနေ့)နံနက် ၉ နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C)၌ ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး သုံးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲနှင့်   အုပ်စုအဆင့် ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များကို   ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။