မန်ချက်စတာ၊ ဘောလုံး
မန်ယူအသင်းသည် နိုဝင်ဘာ ၂၁ ရက်ညက ဝက်စ်ဘရွန်းနှင့်ပွဲစဉ်တွင် ဘရူနိုဖာနန်ဒက်စ် နှစ်ကြိမ်တိုင်ပြန် ကန်ခွင့်ရပြီးမှ ရခဲ့သည့်ပယ်နယ်တီဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲ စတင်ရရှိခဲ့သော်လည်း ပယ်နယ်တီမှမဟုတ်ဘဲ ကစားကွက်မှသွင်းယူသည့် ပရီးမီးယားလိဂ် အိမ်ကွင်းသွင်းဂိုးမရသည်မှာ နှစ်လပင်ပြည့်ခဲ့ပြီဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ ငါးပွဲကစားအပြီး ဝက်စ်ဘရွန်းနှင့်ပွဲမှ နိုင်ပွဲ စတင်ရရှိခဲ့ကာ ဝက်စ်ဘရွန်းနှင့်ပွဲ၌ ဖာနန်ဒက်စ် ပယ်နယ်တီသွင်းဂိုးမရမီ အိမ်ကွင်းနောက်ဆုံးသွင်းဂိုးမှာ စပါးနှင့်ပွဲမှ ဖာနန်ဒက်စ်၏ ပယ်နယ်တီသွင်းဂိုးသာရှိခဲ့သည့်အတွက် ထိုနှစ်ဂိုးကြား ဂိုးမသွင်းနိုင်မှုသည်ပင် လျှင် ပွဲကစားချိန်ပေါင်း ငါးနာရီကျော်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် လိုက်ပဇစ်နှင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲ၌ ငါးဂိုး၊ နယူးကာဆယ်နှင့် အဝေးကွင်းပွဲ၌ လေးဂိုး၊ အဲဗာတန်၊ ဘရိုက်တန်တို့နှင့် အဝေးကွင်း ပွဲများ၌ သုံးဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
ယခုရာသီတွင် မာရှယ် ဂိုးမသွင်းနိုင်သေးသကဲ့သို့ ပြီးခဲ့သည့်ရာသီက ၁၇ ဂိုးသွင်းသည့် ဂရင်းဝုဒ်သည်လည်း ဂိုးမရသေးဘဲ ရက်ရှ်ဖို့ဒ်က နှစ်ဂိုး၊ ကာဗာနီကတစ်ဂိုးသာ သွင်းယူထားနိုင်သည်။
Ref:Dailymail