MFF Women's Futsal Championship ပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

MFF Women's Futsal Championship ပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကုန်  နိုဝင်ဘာ  ၂၈

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနိုင်ငံ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီက ကြီးမှူး ကျင်းပမည့်  MFF Women's Futsal  Championship ပြိုင်ပွဲနှင့်  အခြားပြိုင်ပွဲများဖြစ်သည့်  MFF  Futsal League 1 ပြိုင်ပွဲ၊ MFF  Futsal League 2  ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ြၤၤ MFF Stadium ၌ ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့    မြန်မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ကော်မတီဝင် ဦးအောင်ဇော်မင်းခန့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာကလပ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ဦးစွာ မြန်မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က အမှာစကား ပြောကြားပြီးနောက် သက်ဆိုင်ရာ ပြိုင်ပွဲများနှင့်ပတ်သက်ပြီး  အုပ်စုမဲခွဲခြင်းနှင့်    ပွဲစဉ်ဇယားရေးဆွဲမှုများ ပြုလုပ်ခဲ့ပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

    MFF Women's Futsal  Champion- ship  ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် နှစ်ကျော့ကစားသည့် စနစ်ဖြင့် လာမည့် ဒီဇင်ဘာလ ၇ ရက်မှ စတင်ကျင်းပသွားမည် ဖြစ်ကာ MFF Futsal  League 1 ပြိုင်ပွဲကို  ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဒီဇင်ဘာလ ၆ ရက်မှစတင်ပြီး ကျင်းပသွားမည်ဖြစ်သည်။

    အလားတူ MFF Futsal  League 1  ပြိုင်ပွဲကိုလည်း ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဒီဇင်ဘာလ ၇ ရက်မှစတင်ပြီး ရန်ကုန်မြို့ရှိ MFF Stadium တွင်  ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။