လန်ဒန်၊ တင်းနစ်
ပရော်ဖက်ရှင်နယ် တင်းနစ်သမားများ အစည်းအရုံးမှဦးစီးပြီး ကမ္ဘာလှည့်ကစားရသော ATP Finals ချန်ပီယံရှစ် နောက်ဆုံးဗိုလ်လုပွဲတွင် ရုရှားနိုင်ငံသား မက်ဗီဒက်ဗ်သည် ပြိုင်ဘက် သြစတြီးယားနိုင်ငံသား ဒိုမီနစ်သီအမ်ကို ပထမပွဲ၌ ရှုံးပြီးနောက်မှ လိုက်ကစားရကာ ပြန်လည်အနိုင်ယူဗိုလ်စွဲခဲ့သည်။
လန်ဒန်အိုတူးအရီနာ၌ ပရိသတ်မပါဘဲ ကစားခဲ့ရသည့်အဆိုပါပွဲတွင် အနိုင်ရရှိခြင်းကြောင့် မက်ဗီဒက်ဗ်သည် ဆုကြေး ပေါင် ၁ ဒသမ ၂ သန်းရရှိကာ ယခုပွဲစဉ်တစ်လျှောက် ကမ္ဘာ့အဆင့် (၁)၊ (၂)၊ (၃)တို့ကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့သဖြင့် ထိုသို့ ကမ္ဘာ့အဆင့်သုံးဦးစလုံးကို ATP ပြိုင်ပွဲတစ်ရပ်တည်း၌ အနိုင်ရရှိသည့် လေးဦးမြောက် ကစားသမားလည်း ဖြစ်လာသည်။
Ref:The Sun