နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ထောပတ်ထမင်းဘူးများ ပေးအပ်လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ထောပတ်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ ၂၉  ရက်

     နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

    ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောပတ်ထမင်းဘူးများကို ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော် ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံ ပို့ဆောင်ပေးကြသည်။

    စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ထောပတ်ထမင်းဘူးများနှင့်အတူ ရဟန်း သံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “ တိုင်းပြည်နှင့်ပြည်သူများအပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ မြင့်မြတ်စိတ်ထားကောင်းတဲ့ တပ်မတော်သားများ ရန်သူမျိုး ငါးပါးမှ ကင်းဝေးကြပါစေ၊ တပ်မတော်သားများ ဘေးအန္တရာယ် ကင်းရှင်းပါစေ၊ ကျန်းမာပါစေ၊ တိုက်ပွဲတိုင်းအောင်မြင်ပါစေ ” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိ ကြောင်း သတင်းရရှိသည်။