အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးဦးပိုင်လီမိတက် ကုမ္ပဏီကားဝင်း ဗုံးဖြင့်တိုက်ခိုက်ခံရ ကြောင်း ဆိုရှယ်မီဒီယာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းပေါ်ရှိ မြန်မာစီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီကားဝင်းကို နိုဝင်ဘာလ ၂၉ ရက် ည ၇ နာရီ မိနစ် ၄၀ ချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တရား မဝင်ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် DVB သတင်းဌာနက ဆိုရှယ်မီဒီယာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ဗုံးပေါက်ကွဲမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
နိုင်ငံ၏နယ်စပ်ဒေသအချို့တွင် လက်နက်ကိုင်သောင်းကျန်းသူများက မြို့၊ ရွာများကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်လာပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေချိန်၌ မြို့ပြများတွင် အေးချမ်းတည်ငြိမ်နေသည်ကိုမလိုလားသည့် တရားမဝင်ပြည်ဖျက်မီဒီယာ အချို့မှ မီဒီယာကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းမှုမရှိဘဲ မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။