ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ခံစစ်ကစားသမားများတွင် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် ကားလို့စ်နှင့်  ဂျရတ်ပီကေးတို့၏ သွင်းဂိုးစံချိန်ကို ရာမို့စ်လိုက်မီ

 

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ခံစစ်ကစားသမားများတွင် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် ကားလို့စ်နှင့်  ဂျရတ်ပီကေးတို့၏ သွင်းဂိုးစံချိန်ကို ရာမို့စ်လိုက်မီ

 

    ဆီဗီလာအသင်း ဝါရင့်ခံစစ်ကစားသမား   ရာမို့စ်သည်   ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်   ခံစစ်ကစားသမားများတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် ကားလို့စ်နှင့် ဂျရတ်ပီကေးတို့၏ သွင်းဂိုးစံချိန်ကို လိုက်မီ နိုင်ခဲ့ကြောင်း သိရသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ  အုပ်စုပွဲစဉ်အဖြစ် ကစားသည့် ဆီဗီလာအသင်းက ပီအက်စ်ဗွီအသင်းကို ၃ ဂိုး-၂ ဂိုး ဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တွင် ရာမို့စ်က ပွဲချိန် ၂၄ မိနစ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကားလို့စ်နှင့် ဂျရတ်ပီကေးတို့ သွင်းဂိုးစံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ခံစစ်ကစားသမားများတွင်   သွင်းဂိုးအများဆုံး ကစားသမားအဖြစ်    ရီးယဲလ်မက်ဒရစ်အသင်း ဂန္ထဝင်ခံစစ် ကစားသမား  ကားလို့စ်နှင့် ဘာစီလိုနာ အသင်းကစား သမားဟောင်း ဂျရတ်ပီကေးတို့က သွင်းဂိုး ၁၆ ဂိုးဖြင့် ထိပ်ဆုံး၌ရပ်တည်လျက်ရှိပြီး ယခုအခါ ရာမို့စ်ကလည်း ဆီဗီလာအသင်းနှင့် ပီအက်စ်ဗွီအသင်းတို့ ပွဲစဉ်တွင် တစ်ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၁၆ ဂိုးအထိရှိလာခဲ့ပြီးနောက် လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ရာမို့စ်သည်  ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်သွင်းဂိုး ၁၆ ဂိုးကို ရီးယဲလ်မက်ဒရစ်အသင်း၊ ပီအက်စ်ဂျီအသင်းနှင့် ဆီဗီလာအသင်းတို့၌   သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။