မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကင်းပုန်း ဝပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ဟု မဟုတ်မမှန် သတင်းအမှားဖြန့်ဝေ

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကင်းပုန်း ဝပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ဟု မဟုတ်မမှန် သတင်းအမှားဖြန့်ဝေ

နေပြည်တော်၊ ဒီဇင်ဘာ  ၁  ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းတွင် ကင်းပုန်းဝပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီအချိန် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု တရားမဝင် ပြည်ဖျက် မီဒီယာ ရန်ကုန်ခေတ်သစ်မှ မဟုတ်မမှန် သတင်းတု သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ အဆိုပါကျောင်းတွင် မိုင်းပေါက်ကွဲမှု မရှိကြောင်း၊ တပ်မတော်မှ ဝင်ရောက်တပ်စွဲထားသည်မှာလည်း မဟုတ်မှန်ကြောင်း၊ သတင်းအမှား သာဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ မဟုတ်မှန် ကောလာဟလ သတင်းတု သတင်းမှားများကို ဖန်တီးရေးသား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။