‌ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပွဲဦးထွက် လေးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ဘယ်လင်ဟမ် မှတ်တမ်းဝင်

 

‌ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပွဲဦးထွက် လေးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ဘယ်လင်ဟမ် မှတ်တမ်းဝင်

 

    ရီးယဲလ်မက်ဒရစ်အသင်း    သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသင်းနှင့် ပွဲဦးထွက်လေးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ   အုပ်စုပွဲစဉ်အဖြစ်ကစားသည့် ရီးယဲလ်မက်ဒရစ် အသင်းက နာပိုလီအသင်းကို ၄ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိသောပွဲစဉ်တွင် ဘယ်လင်ဟမ်သည် အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်တွင် ကိုယ်တိုင်သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်သကဲ့သို့  အသင်းဖော်   ဂျိုဆေးလူ၏ သွင်းဂိုးကိုလည်း ဂိုးဖန်တီးမှု ပြုလုပ်နိုင်ပြီးနောက် အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည့်အပြင် အသင်း၏  စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကိုလည်း ပိုင်ဆိုင်ခဲ့သည်။

‌အသက် ၂၀ အရွယ် ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက ဒေါ့မွန် အသင်းမှ  ရီးယဲလ်မက်ဒရစ် အသင်းသို့  ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ပင်   ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းဂန္ထဝင် ကစားသမားများဖြစ်သည့်    ဘက်ခမ်း၊ ရော်နယ်ဒို၊ ဖီဂို၊ ဇီဒန်း စသည့် ကစားသမားများပင် မရရှိခဲ့ဖူးသည့် စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကို  ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ဘယ်လင်ဟမ်သည်    ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ    ပွဲထွက်ကစားခဲ့သည့် ပွဲစဉ်လေးပွဲအဖြစ် ယူနီယံဘာလင် အသင်းနှင့်ပွဲစဉ်တွင် တစ်ဂိုး၊  နာပိုလီအသင်းနှင့် ပထမအကျော့ ပွဲစဉ်တွင် တစ်ဂိုး၊ ဘရာဂါအသင်းနှင့်ပွဲစဉ်တွင် တစ်ဂိုး၊ နာပိုလီအသင်းနှင့် ဒုတိယအကျော့ ပွဲစဉ်တွင် တစ်ဂိုးအသီးသီး သွင်းယူနိုင်ခဲ့ပြီး  ဘရာဂါအသင်းနှင့်  ဒုတိယအကျော့ပွဲစဉ်တွင် ပါဝင်ကစားခွင့် မရရှိခဲ့ကြောင်း သိရသည်။