ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ  ၂ ရက်

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာမှ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များက အဆိုပါ စစ်မှုထမ်း ဟောင်းအိမ်ရာ ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

   ဦးစွာ တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အမှာ စကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများအား ထောက်ပံ့ ပေးအပ်သည်။

   ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း လှည့်လည်ကြည့်ရှု၍ စစ်မှုထမ်းဟောင်းမိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။