နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

 

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ  ၂ ရက်

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် နေပြည် တော်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ဒုတိယအကြိမ် ကျောင်း ဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာ နချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင် များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြ သည်။

    ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် တိုင်းစစ်ဌာနချုပ်၊ စခန်းရုံးမှ ကျောင်းသား၊ ကျောင်းသူ ၃၂၇ ဦးအတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စားရေးကိရိယာများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။