တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်တွင် တပ်မတော်စစ်ကြောင်းဝင်လာပြီး ဒေသခံများထံ ခြိမ်းခြောက်ငွေကြေးတောင်းယူသွားကြောင်း လူမှုကွန်ရက်စာမျက်နှာ များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်တွင် တပ်မတော်စစ်ကြောင်းဝင်လာပြီး ဒေသခံများထံ ခြိမ်းခြောက်ငွေကြေးတောင်းယူသွားကြောင်း လူမှုကွန်ရက်စာမျက်နှာ များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာလ ၂ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကဗွီးနှစ်ပင်ကျေးရွာအတွင်းသို့ နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်မှစစ်ကြောင်းဝင်ရောက်လာပြီး အရပ်သားပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်း၊ ဆိုင်ကယ်များတားဆီးစစ်ဆေးပြီး လိုင်စင်မရှိသည့် ဆိုင်ကယ်များအား ဖမ်းဆီးငွေကြေးတောင်းခံခြင်း၊ ဒေသခံနေအိမ် များကို ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းများနှင့် မွေးမြူထားသည့် တိရိစ္ဆာန် များကို အတင်းအဓမ္မ ယူဆောင်သွားခြင်းတို့ကို  လုပ်ဆောင်ခဲ့ကြောင်းဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိ ရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေး တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းချက်များအရ နိုဝင်ဘာလ ၃၀ ရက်နေ့၌ လောင်းလုံမြို့နယ်ရှိ ကဗွီးနှစ်ပင်ကျေးရွာနှင့် အနီးဝန်းကျင်တစ်ဝိုက်တွင် တပ်မတော်မှစစ်ကြောင်းထိုးခြင်းနှင့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးတာဝန်များ ဆောင်ရွက်ခဲ့မှုမရှိကြောင်း သိရှိရသည်။

 ပြည်ဖျက်မီဒီယာများအနေဖြင့် ဖြစ်စဉ်၊ ဖြစ်ရပ်များ အမှန်တကယ်ဖြစ်ပွားမှု မရှိသည်ကို လုပ်ကြံရေးသားကာ  တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းလာစေရန်နှင့် တပ်မတော်သားများအပေါ် ဒေသခံတိုင်းရင်းသားများမှ အထင်အမြင်လွဲမှား လာစေရန် တို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များနှင့်အညီ လိုက်နာစောင့်ထိန်း ကျင့်ကြံလျက်ရှိပြီး ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမီဒီယာကျင့်ဝတ်များကို  လိုက်နာစောင့်ထိန်းမှုမရှိဘဲ သတင်းအဆိပ်ခတ် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။